မိုးညှင်းတက္ကသိုလ်၌ ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲ ကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲကို ဖေဖော်ဝါရီ (၇)ရက် နံနက် (၉) နာရီက ရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာအခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဖွင့်အမှာစကား ပြောကြားပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်မြင့်လှိုင်က ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အကဲဖြတ်ဒိုင်လူကြီးများအား မိတ်ဆက်ပြောကြားပြီး ကျပန်းစကားပြောပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူ (၁၀) ဦးနှင့် စကားရည်လုပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၂)ဦး စုစုပေါင်းပြိုင်ပွဲဝင် (၂၂) ဦးတို့က မဲကျရာခေါင်းစဉ်များဖြင့် အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ယင်းပြိုင်ပွဲများတွင်ဆုများရရှိကြသည့် ကျောင်းသားကျောင်းသူများကို တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း