ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် Quarantine Centre များသို့ အလှူငွေများနှင့် စားသောက်ဖွယ် ရာများ လာရောက်လှူဒါန်း

ဒဂုံမြောက် စက်တင်ဘာ ၂၈


ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု ပိုမိုများပြားလာသဖြင့် ရောဂါပိုးရှိသူများနှင့် ထိစပ်မှုရှိသူများ၊ သံသယလူနာများ ထားရှိရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် Quarantine Centre သုံးခု ဖွင့်လှစ် ထားရှိရာ အဆိုပါနေရာများမှ စောင့်ကြည့်လူနာများအတွက် အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ကို အလှူရှင်များမှ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၇)ရပ်ကွက်နေ ဦးနေဝင်းအောင် (Paradise တည်းခိုခန်း) မှ အလှူငွေ (၂၀၀၀၀၀/-)၊ Good Number One Trading Co,.Ltd မှ  Tissue၊ Mask၊ Wash Tissue များ၊ အမှတ်(၃၅)ရပ်ကွက်၊ အိမ်အမှတ်(၆၆၁)၊ သမိန်ဗရမ်းလမ်းနေ ဦးအောင်ကျော်ဇော+ဒေါ်ဆုဝေဝင်းမိသားစုမှ အလှူငွေ(၅၀၀၀၀/-)၊ အမှတ်(၄၂)ရပ်ကွက်၊ ဆရာတော် ဦးဝိရိယသိဒ္ဓိ (ဝိမလာရာမထားဝယ်ကျောင်းတိုက်)မှ ဆန်(၂)အိတ်၊ ဆီ(၁၀)ပိဿာ၊ မုန့်(၂)ပုံး၊ ခေါင်းအုံး(၅၂)လုံးနှင့် အလှူငွေ (၁၀၀၀၀ဝိ/-)၊ အမှတ်(၃၅)ရပ်ကွက်၊ အိမ်အမှတ်(၃၂၇)၊ သမိန်ဗရမ်း လမ်းနေ ဦးပြည်သာကျော်+ဒေါ်ခင်နွယ်စိုးမိသားစုမှ အလှူငွေ(၅၀၀၀၀/-)၊ အမှတ်(၂၈)ရပ်ကွက်၊ အိမ်အမှတ်(၇)၊ အောင်သုခ(၅)လမ်းနေ ဦးမြသန်း အသက်(၈၄)ပြည့်မွေးနေ့ကုသိုလ် အလှူအဖြစ် အလှူငွေ(၁၀၀၀၀ဝ/-)၊ မြို့နယ်မီးသတ်ဦးစီမှူးဟောင်း ဦးထိန်လင်းမှ အလှူငွေ ၂၀၀၀၀/-ကျပ်၊ ခိုင်ခိုင်ကျော် (မြန်မာထမင်းဆိုင်)မှ စောင့်ကြည့်လူနာ(၂၂၈)ဦး၊ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား အဟာရဒါနထမင်းနှင့်ဟင်း နေ့လယ်စာနှင့် ညနေစာအား စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ လှူဒါန်းခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ လှူဒါန်းခဲ့ရာ  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ် အဆင့် ကော်မတီအဖွဲ့ဝင်များမှ လက်ခံရရှိခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အလှူရှင်များအနေဖြင့် အလှူငွေများ လှူဒါန်းလိုပါက ၀၉-၂၅၁၀၀၁၁၁၀၊ ၀၉-၂၆၂၄၃၁၂၉၃၊ ၀၉-၄၂၈၀၂၂၉၃၅ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)