မရမ်းကုန်း စက်တင်ဘာ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်- -၁၉ကာလ အတွင်း ဆွမ်းအခက်အခဲ ဖြစ်နေသော ကျောင်းတိုက် (၂၉) တိုက်မှ သံဃာတော်များနှင့် သာမဏေသီလရှင်များစုစုပေါင်း (၁၀၀၀)ပါး အတွက် ဆွမ်းဆန်စိမ်းများအား ယမန်နေ့နံနက်ပိုင်းက ရွှေသံလွင် ကုမ္ပဏီ လီမီတက်မှ သက်ဆိုင်ရာ ကျောင်းတိုက် အသီးသီးသို့ လာရောက် လှူဒါန်းခဲ့ကြသည်။
အဆိုပါ လှူဒါန်းသည့် ဆွမ်းဆန်စိမ်းများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲဝါလေး၊ ဆန်ကြာဇံ၊ ပဲကြာဇံ၊ ငရုတ်သီးခွဲခြမ်း၊ အချိုမှုန့်၊ ငံပြာရည်၊ ငါးခြောက်၊ ငရုတ်သီးမှုန့်၊ ရေသန့်၊ ကြက်ဥနှင့် ဘဲဥစသည်ဖြင့် ကျောင်းတိုက်တစ်တိုက်လျှင် စုစုပေါင်း (၁၆) မျိုးအား လှူဒါန်းရာ သက်ဆိုင်ရာ ကျောင်းတိုက်များရှိ ဆရာတော်များမှ လက်ခံခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)