မိုင်းခတ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပန်းခြံလမ်းတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကြက်ဥ၊ ကြက်သား၊ ခေါက်ဆွဲထုပ်၊ ပဒုမ္မာဆပ်ပြာမွှေးခဲ၊ သန့်စင်အဝတ်လျှော်ဆပ်ပြာရည်၊ သန့်စင်ပန်းကန်ဆေးဆပ်ပြာရည်တို့ကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပြီး ချဉ်ပေါင်ရွက်၊ ဖရုံရွက်၊ ဖရုံသီး၊ ကန်စွန်းရွက်အပါအဝင် အခြားဟင်းသီး ဟင်းရွက်မျိုးစုံတို့ကိုလည်း ရောင်းချပေးခဲ့ရာ ပြည်သူများ လွတ်လပ်စွာဖြင့် လာရောက်ဝယ်ယူ နေမှုကိုစစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)