မြစ်ကြီးနား ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ AFC အသိအမှတ်ပြု AFC Futsal Coaching Certificate Course Level (1) ဖူဆယ်နည်းပြသင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစီးအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူက အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖူဆယ် အားကစား ဆပ်ကော်မတီဒုတိယဉက္ကဋ္ဌ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ပြည်နယ် အားကစားသမား လက်ရွေးစင်ဟောင်းများက AFC အသိအမှတ်ပြု ဖူဆယ်နည်းပြ သင်တန်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဖူဆယ်နည်းပြသင်တန်းကို မတ်လပထမပတ်အတွင်း စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်၏ ဖူဆယ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ပြည်နယ်အတွက် အားထားရသည့် အရည်အသွေးပြည့်ဝသည့် နိုင်ငံတကာအသိအမှတ်ပြု လိုင်စင်ရ ဖူဆယ်နည်းပြဆရာများ ပေါ်ထွက်လာစေရန်နှင့် ပြောင်းလဲလာသည့် ဖူဆယ်နည်းဥပဒေသစ်များကို ခေတ်နှင့်အညီ သိရှိနားလည်လာစေရန်ရည်ရွယ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး သိရသည်။
ခရိုင်(ပြန်/ဆက်)