တနိုင်း ဖေဖော်ဝါရီ ၈
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများနှင့် စာပေဆိုင်ရာပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ အမှတ် (၂) အခြေခံပညာအထက်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် ဖားခုန်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ စာပွဲတင် တင်းနစ်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ပါဝင်ပြီး တနိုင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/သူများက ပျော်ပျော်ပါးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပန်းအိ(ပြန်/ဆက်)