လက်ပံတန်း စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သတ်၍ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ် ၂လမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရထွန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာရဲဝင်းက လက်ပံတန်းမြို့နယ် တွင် ရောဂါကူးစက်မှုများ မပြန့်ပွားစေရေးအတွက် လူစုလူဝေးရှိနေနိုင်သည့် ဈေးများနှင့်ပက်သတ်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သင့်သည်များကိုဆွေးနွေးကာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊အမှုဆောင် အရာရှိနှင့် ဈေးကော်မတီများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ရောဂါကူးစက်မှုများ မပြန့်ပွားစေရေးအတွက် လူစုလူဝေးရှိနေသည့် မြို့မဈေးအား အောက်တိုဘာလ (၁)ရက်နေ့မှစ၍ (၂)ပတ်ခန့်ပိတ်၍ မိုဘိုင်းစနစ်ဖြင့် စားသောက်ကုန်များအားမြို့နယ်အ တွင်းလှည့်လည်ရောင်းချစေရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး