မံစီ ဖေဖေါ်ဝါရီ ၇
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကစာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ဆိုင်ရာအသိပညာပေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းအသိပညာပေးလုပ်ငန်းကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် စာအုပ်စာပေများ ပိုမိုလေ့လာ ဖတ်ရှုတတ်လာစေရန်၊ စာကြည့်တိုက်များကို ပိုမိုလာရောက် အသုံးချတတ်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးကလူငယ်နှင့်စာပေ၊ လူငယ်နှင့်ဗဟုသုတ၊ စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူး၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းအသိပညာပေးလုပ်ငန်းတွင်အသိပညာဗဟုသုတ များစွာရရှိစေမည့် သုတ၊ ရသစာအုပ်စာစောင်များကိုလည်း ဖြန့်ဝေဖတ်ရှုစေခဲ့ပြီး နိုင်ငံတော်အကြီး အကဲများ၏ တိုင်းကျိုးပြည်ပြု မှတ်တမ်းဓါတ်ပုံများ၊ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး၊ လူကုန်ကူးမှုဆိုင်ရာ၊ မျောက်ကျောက်ရောဂါအန္တရာယ်ဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ၊ လူငယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသားကျောင်းသူများ စိတ်ဝင်တစား လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)