ရန်ကင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ရန်ကင်း ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ဦးရဲမင်းစိုး(တရားလွှတ် တော်ရှေ့နေ)စာရေးဆရာ မောင်မောက်(ဝတ်လုံ)နှင့် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စာရေးဆရာ မောင်မောက်(ဝတ်လုံ)က  လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်စီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါးကို မည်သို့ကာကွယ် တိုက်ဖျက် ရမည်ကို သိရှိစေရုံသာမက သတိပြုနားလည်နိုင်ရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်းဖြစ်နေသော လူငယ်များကို မည်ကဲ့သို့ လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်၍ရမည်ကို သဘောပေါက်နားလည်နိုင်စေရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ  အငယ်တန်းစာရေး ဒေါ်စုစုစံနှင့် ရုံးအကူ ဦးရဲမင်းဟန်တို့က လူသည်စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ်ကြောင့်ပင် ယနေ့ကမ္ဘာကို ပုံဖော်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စူးစမ်းစိတ်သည် လူကိုကောင်းကျိုးပြုသလို ဆိုးကျိုးလည်းပြုနိုင်ကြောင်း၊ အထူးသဖြင့် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိသည့်လူကို ချုပ်နှောင်ဖမ်းစားနိုင်ကြောင်းနှင့် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးကို ရှောင်ရှားကြစေလိုကြောင်း ဆွေးနွေးခဲ့ကြသည်။

သို့ဖြစ်ရာ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူ့စာကြည့်တိုက် Page တွင်လည်း ထုတ်လွှင့်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရန်ကင်းမြို့နယ်ရုံးမှ အသိပေးပြောကြားခဲ့ကြောင်း သတင်းရသည်။

အိရွှေစင်(ပြန်/ဆက်)