ပင်လုံ ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆုရရှိသော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မနော်သီရိရှင်းသန့်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ ဒုတိယဆုရရှိသော အမှတ်(၂)အခြေခံပညာ အထက်တန််းကျောင်းမှ မထက်နန္ဒာကျော်အား ပင်လုံနယ်မြေရဲစခန်း စခန်းမှူးမှလည်းကောင်း၊ တတိယဆုရရှိသော အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ မမိုးပြည့်ပြည့်မောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှလည်းကောင်း၊ အထူးဆုရရှိသော အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ခွန်ကျော်သူရဟိန်းအား နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ဆရာကြီးမှလည်ကောင်း အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)