အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

သံတွဲ ဖေဖော်ဝါရီ   ၆

ရခိုင်ပြည်နည်၊ သံတွဲမြို့၊ အခြခံပညာအထက်တန်းကျောင်း(ခွဲ) ငကျော်တောင်ကျောင်း၏ ၂၀၂၁-၂၀၂၂ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက အဆိုပါ ကျောင်း၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မီမီဝင်းက ပညာရည်ချွန်ဆုချီးမြှင့်ကျင်းပြုလုပ်မှု အခြေအနေများနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထိုနောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးသန်းထွန်းက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရည်ချွန်ဆုများကိုချီးမြှင့်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ၊ ရိုရိုးအောင်မြင်သူများ၊ အတန်းလိုက် (A)အဆင့်ဖြင့် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဘက်စုံထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအတွက် ထူးချွန်ဆုပေါင်း (၁၀၃)ဆုအား ကျောင်းအုပ်ဆရာမကြီးဒေါ်မီမီဝင်း၊ ကျောင်း အကျိုးတော် ဆောင်အဖွဲ့နာယကကြီးများ၊ အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ဆုများအသီးသီးချီးမြှင့်ကြပြီး ကျောင်းသား/သူလေးများက ယဉ်ကျေးမှုအက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)