ပန်းဘဲတန်း စက်တင်ဘာလ ၂၈
ပန်းဘဲတန်းမြို့နယ် အမှတ်(၇)ရပ်ကွက်တွင် ရပ်ကွက်ပြည်သူများလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေး လျက်ရှိသော အမှတ်(၇)ပရဟိတအဖွဲ့ဝင်များ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဝယ်ယူရန် ဦးစည်သူမောင်က အလှူငွေလှူ ဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ် အမှတ်(၇)ရပ်ကွက်တွင် Lock down ချထားခြင်းခံရသော အိမ်ထောင်စုဝင်ပြည်သူ များရှိရာ အဆိုပါအိမ်ထောင်စုဝင်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်များ ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ်ရန် အတွက် လိုအပ်သော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန် အတွက် ဦးစည်သူမောင်က အလှူငွေ (၁)သိန်းကျပ်လှူဒါန်း ခဲ့ရာ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူ ဦးရဲနိုင်မောင်မောင်က လက်ခံခဲ့ကြောင်း သိရှိရပါသည်။
နေခြည် (ပြန်/ဆက်)