ရမ်းဗြဲ ဖေဖေါ်ဝါရီ ၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးက ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဝေက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄) ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ ရှာဖွေ ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ခြောက်သွေ့ရာသီရောက်ရှိ လာပြီဆိုလျှင် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့၊ ရပ်ကွက်၊ ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မီးဘေးကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့်လှည့်လည် အသိပညာပေးဆော်ဩလျက်လည်းရှိပါကြောင်းနှင့် အများပြည်သူများနှင့် သက်ဆိုင်သော အလုပ်ရုံ၊ စက်ရုံ၊ ရုံးဌာနများနှင့် စာသင်ကျောင်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အသိပညာပေးလုပ်ငန်းများကို အရှိနအဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော မိုးမှာလေ့ကျင့်ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်ရှိ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းများနှင့်တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ကြပါက မီးဘေး အန္တရာယ်မှ ကင်းဝေးကြမည်ဖြစ်ကြောင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
အောင်နိုင် (ပြန်/ဆက်)