ကာလိ ၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ၊ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ(၁၁)ဦးအား လူမှုရေးပင်စင်ခံစားခွင့် ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင် ရာရောက် လိုက်လံ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းတွင် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေး ပင်စင် ခံစားခွင့်ရရှိသော အသက်(၈၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာ ရေးစောင့်ရှောက်မှုအနေဖြင့် (၃)လလျှင်တစ်ကြိမ် ထောက်ပံ့ပေးကာ တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃)လစာ ငွေကျပ်သုံးသောင်းစီ နိုင်ငံတော်မှ ထောက်ပံ့ပေးလျှက်ရှိရာ ကာလိမြို့ ဟိုပန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့် ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကျေးရွာအုပ်စုစာရေး ဦးဝေလင်းထွန်း နှင့် တာဝန်ရှိသူများတို့က အသက် (၈၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများ(၁၁)ဦးအား အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော် (ပြန်/ဆက်)