ကွမ်းလုံမြို့နယ်တွင် ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံးသွားသောသီးနှံများအတွက် စပါး မျိုးစေ့ များ ပြန်လည်ထောက်ပံ့

 

ကွမ်းလုံ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ ကုန်းညောင်ကျေးရွာအုပ်စုနှင့် ကောင်းကျဲ ကျေးရွာ အုပ်စု တွင် သံလွင်မြစ်နှင့် နမ့်တိန်ချောင်း ရေမြင့်တက်လာမှုကြောင့် စိုက်ပျိုး သီးနှံများ ရေကြီးနစ်မြှုပ် ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယာစပါးမျိုးစေ့ ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကောင်းကျဲကျေးရွာ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်နေ့က သံလွင်မြစ်နှင့် နမ့်တင်ချောင်း ရေမြင့် တက်လာမှုကြောင့် ယာစပါးစိုက်ခင်းနှင့် အစေ့ထုပ်ပြောင်းစိုက်ခင်း စုစုပေါင်း(၂၉၇)ဧက နှစ်မြှုပ် ခဲ့ရာ (၁၅၉.၃၂)ဧက ပျက်စီးဆုံးရှုံးခဲ့ ပါသည်။

အဆိုပါ နစ်မြုပ်ဆုံးရှုံးခဲ့သော ကုန်းညောင်ကျေးရွာအုပ်စုမှ တောင်သူ(၅)ဦးနှင့် ကောင်းကျဲ ကျေးရွာ အုပ်စုမှ တောင်သူ(၁၁၈)ဦးကို (၁)ဧကလျှင် တစ်တင်းခွဲနှုန်းဖြင့် ယာစပါး (၁၅၉.၃၂) ဧကအတွက် (၂၄၀)တင်းအား တောင်သူ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း စိုက်ပျိုး ရေး ဦးစီးဌာနမှ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)