စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းဆိုင်ရာသိကောင်းစရာများ ညောင်ရွှေမြို့နယ်၌ ဆွေးနွေး

 

ညောင်ရွှေ စက်တင်ဘာ ၂၈

စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးမှ စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးခြင်း စီမံကိန်း ဆိုင်ရာ သိ​ကောင်းစရာများနှင့်​ မီးဖိုသုံးစွဲသူများမှ လိုက်နာ​ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေး​​နွေး ဆောင်ရွက် ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ညောင်ရွှေမြို့နယ် တုံးလည်ကျေးရွာအုပ်စု တောင်ခ မောက်ရွာ၊ ကျေးပေါခုံကျေးရွာအုပ်စု အင်ကြင်းကုန်းရွာနှင့် မြေဖြူရွာ တို့တွင် ကျန်းမာ​ ရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းဆိုင်ရာသိ​ကောင်းစရာများနှင့်​ မီးဖိုသုံးစွဲသူများမှ လိုက် နာ​ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုး သီးနှံများ အထွက်နှုန်းတိုးတက်ရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပက်ထရစ်ဗြူးနှင့် ဝန်ထမ်းများက ရှင်းလင်းဆွေး​​နွေးပြီး ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည်။ ထို့နောက် အက်ကွဲ၍ သုံးစွဲမရတော့သည့်မီးဖိုမျာကို ဒေသခံပြည်သူများသို့ အစားထိုးပေးအပ်ခဲ့ကြောင်း သိရသည်။

(နေမျိုးသူရိန်)