ပင်လောင်းမြို့နယ်၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်ပြီးသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

 

ပင်လောင်း စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ခွင့်ပြုငွေနှင့် ပြည်သူလူထုပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ကျေးရွာသုံးရွာကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးဇော်ဝင်းနှင့်အဖွဲ့က ယမန်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးသည်။

အဆိုပါကျေးရွာများအနက် လုံးပိုးကျေးရွာတွင် စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ငွေကျပ် ၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၀ ဒသမ ၄၆၂ သန်း စုစုပေါင်းငွေကျပ်  ၅ ဒသမ ၄၆၂ သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းနှင့် သံပန်းသံတံခါးတပ်ဆင်ခြင်း၊ မွေတော်(တောင်)ရွာနှင့် မွေတော်(မြောက်)ရွာတို့တွင် စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ငွေကျပ် ၁၀ သန်းနှင့် ပြည်သူ ထည့်ဝင်ငွေကျပ် ၆ သန်း စုစုပေါင်း ငွေကျပ် ၁၆ သန်းဖြင့် ကျေးရွာ မီးလင်းရေး အတွက် ထရန်စဖော်မာ (100 KVA) တပ်ဆင်ခြင်း၊ မိုးဦးကျေးရွာတွင် စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ငွေကျပ် ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေ  ၂ သန်း စုစုပေါင်းငွေကျပ် ၁၂ သန်းဖြင့် ပညာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)