ကျိုင်းတုံ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ တွင် (၅၆)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စုပေါင်းသန့် ရှင်းရေးကို စက်တင်ဘာ ၂၆ ရက် နံနက် ၇ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ကို ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြိုအနေဖြင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ ရဲမှူးကြီး အေးသိန်း၊ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်ထွန်းတို့မှ ဦးစီး၍ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၈၀ ဦး တို့မှ စုပေါင်းသန့်ရှင်းရေးနှင့်ရေနုတ်မြောင်းများဆယ်ယူရှင်းလင်းခြင်းကို ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ရေး နည်းလမ်းများ၊ ညွှန်ကြား ချက်များနှင့်အညီ ကျိုင်းတုံမြို့ ဘိုးဘွားရိပ်သာ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)