ရသေ့တောင် ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ရှေးဦးစွာ ဦးအောင်သိန်းဝေ ရုပ်သံကျမ်းကျင်(၃)က တတိယတန်း ကျောင်းသား၊ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ဗဟုသုတရရှိစေမည့်အကြောင်း အရာများအားဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပပြုလုပ်ကြရာ ရုပ်ပုံနှင့်ဆေးရောင်ခြယ်သမှုအကောင်းဆုံးကျောင်းသား၊ ကျောင်းသူ(၃)ဦးအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)