ကျိုင်းတုံမြို့၌ စာဖတ်ခြင်းနှင့် ခေါင်းဆောင်မှု အသိပညာပေး Talk Show ပြုလုပ်

ကျိုင်းတုံ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာဖတ်ခြင်းနှင့် ခေါင်းဆောင်မှုအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်သည်။

Talk Show ဆွေးနွေးရာတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ ဒေါ်ဇင်မာဝင်းတို့က စာဖတ်ခြင်းမှရရှိလာသည့်ဗဟုသုတများ၊ အချက်အလက်များဖြင့်ပြဿနာများ၊ ဆုံးဖြတ်ချက်များဖြေရှင်းဆောင်ရွက်နိုင်ကြောင်း၊ အမြင်ကျယ်ခြင်းနှင့် အခွင့်အလန်းများကိုဆုပ်ကိုင်နိုင်ရန် ပိုမိုကောင်းမွန်စွာတွေးတောနိုင်ကြောင်း၊ စာပေများတွင် ပါဝင်သည့် အတွေ့အကြုံဗဟုသုတများမှ လူမှုဆက်ဆံရေးကွန်ယက်တို့နှင့်ပတ်သက်၍ အားသားချက်များရှိပြီး စိတ်ကိုနုပျိုစေပါကြောင်း၊ လူတို့အားအတုမရှိသော နည်းလမ်းအားဖြင့် ဖွံ့ဖြိုးစေပြီး ခေါင်းဆောင်ကောင်းများဖြစ်ပေါ်လာစေနိုင်ကြောင်း စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show ပွဲ အစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)