ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊စာစောင်များ ငှားရမ်း

ကျောက်တံတား ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက် တွင်  ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊  စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်  အသစ်ရောက်ရှိသော စာအုပ်စာစောင်များ၊ ဗဟုသုတဖြစ်ဖွယ် သုတ/ရသ၊ နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်ပြ စသည်တို့ကို အစိုးရရုံးပိတ်ရက်များမှအပ ကျန်သည့်ရက်များတွင် နေ့စဉ်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစေရေးအတွက် စာငှားသူ၊ စာဖတ်သူများ ကြိုက်နှစ်သက်သည့် သုတ/ရသစုံ စာအုပ်၊ စာစောင်များ ကိုငှားရမ်းဖတ်ရှုနိုင်ပြီး နေ့စဉ်ထုတ်သတင်းစာများကို ဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)