သာစည် ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ညောင်ရမ်းမြို့မအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ရွှေကူကြီးဘုရား ၁၂၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲနှင့် ၂၄ ကြိမ်မြောက်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် ဘုရာဖူးလာသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ရွှေကူကြီးဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်တပိုတွဲလဆန်း ၈ ရက်မှလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို လဆန်း ၁၂ ရက်ထိကျင်းပပြုလုပ်ကြောင်းနှင့် ဘုရားပွဲတော်ကြီးတွင် အဆင့်မြင့်ဘောလုံးပြိုင်ပွဲ၊ မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲများနှင့် နွားအလွတ်မောင်းပြိုင်ပွဲများဇာတ်ပွဲများ ဖြင့်စည်ကားစွာကျင်းပပြီး လပြည့်နေ့တွင် ဘုရားပွဲတော်လာသူများက ပင့်သံဃာအပါး ၁၀၀ ကျော်တို့အား သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း ဘုရားပွဲဂေါပကအဖွဲ့ထံကသိရသည်။ ဘုရားပွဲတော်ကြီးကို ညောင်ရမ်းတိုက်နယ်ရှိ ကျေးရွာများမှဒေသခံများသည် တပိုတွဲလဆန်း ၁၂ ရက်မှစ၍ နွားလှည်းများဖြင့် လာရောက်ကြပြီး ဘုရားပွဲကွင်းအတွင်း၌ ကျေးရွာများအလိုက် လှည်းဝိုင်း များဖြင့်နေရာချကာ လပြည့်နေ့ထိ ဘုရားပွဲတော်ကြီးကို ပျော်ရွင်စွာဆင်နွဲကြကြောင်း သိရ သည်။
ထို့ပြင် ဘုရားပွဲကို သာစည်မြို့နယ်အတွင်းရှိ ဒေသခံများသာမကပဲ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များမှ ဘုရားဖူးလာသူများ၊ မြန်မာ့ရိုးရာနွားလှည်းပြိုင်ပွဲများနှင့် နွားအလွတ် မောင်းပြိုင်ပွဲများသို ဝင်ရောက်ယှဉ် ပြိုင်သူများဖြင့် စည်ကားကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်