ဝမ်းတွင်း ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဝမ်းတွင်းဈေးကြီးတွင် ဈေးရောင်းဈေးဝယ်များနှင့် ပုံမှန်ရောင်းဝယ် ဖောက်ကားလျက်ရှိသည်ကို ယနေ့နံနက် (၁၀)နာရီကျော် အချိန်က တွေ့မြင်ရသည်။
အဆိုပါ ဝမ်းတွင်းဈေးကြီးသည် ဝမ်းတွင်းမြို့နယ်၏ အဓိကကျသောဈေးကြီးတစ်ခုဖြစ်ပြီး ကုန်မျိူးစုံ၊ လူ့အသုံးအဆောင် ပစ္စည်းများ၊၊ အသားငါး၊ ကုန်စိမ်း၊ သစ်သီးဝလံ ပန်းမန်၊ အစရှိသည့်များကို လွယ်လင့်တကူ ဝယ်ယူနိုင်ရန်ရောင်းချပေးနေသော ဈေးကြီး တစ်ခုဖြစ်ကြောင်းသိရ သည်။ ဝမ်းတွင်းဈေးကြီးအား အနီးအနားရှိ ရပ်ကွက်ကျေးရွာများဖြစ်သည့် ဝမ်းတွင်း(၁)၊ ဝမ်းတွင်း(၂)၊ ဝမ်းတွင်း (၃)၊ ရေဆုံး၊ ကင်းရွာကုန်းကျေးရွာ၊ လိန်ပင်ကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ နတ်နန်းကျေးရွာ၊ မြောက်ဇဂျမ်းကုန်းကျေးရွာစသည့် ကျေးရွာ များရှိပြည်သူများက အားထားရသောဈေးကြီးတစ်ခုဖြစ်ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဈေးဝယ်သူများ ဈေးရောင်းချသူများဖြင့် စည်းကားပြီး မြို့တွင်းလမ်းမကြီးပေါ်နှင့် လဖ္ဘက်ရည်ဆိုင်များ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်နှင့် ဆိုင်ကယ်ပြုပြင်ရေးဆိုင်များတွင် ပြည်သူများအနေဖြင့် ရောင်းဝယ်ဖောက်ကား သွားလာလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်