ပင်းတယမြို့၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ သန့်ရှင်း‌ရေးလုပ်ငန်းများ ဆောင်ရွက်

ပင်းတယ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ(ပင်းတယ)မှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများမှ သဘာဝပုန်းတလုတ်ရေကန်လမ်းဘေးဝဲယာတစ်လျှောက် အမှိုက်သရိုက်များရှင်းလင်းခြင်း၊ သဘာဝပုန်းတလုတ်ရေကန်ဘောင်တွင် ကာရံထားသည့် သံပန်းတို့အား ဆေးသုတ်ခြင်းလုပ်ငန်းများတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်သည် ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများတည်ရှိရာဒေသဖြစ်ရာ ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)