ပြည်​ထောင်စုနယ်​မြေ၊​ နေပြည်​တော် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူး​ပေါင်းကျင်းပ​သော အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲကို  ယမန်နေ့နံနက်ပိုင်း ၈ နာရီခွဲအချိန်တွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးအားကစားကွင်း၌  စတင်ကျင်းပသည်။

နံနက်ပိုင်း အမျိုးသမီး‌ဗိုလ်လုပွဲစဉ်တွင် ဇမ္ဗူသီရိမြို့နယ် အထက(၉)အသင်းနှင့် ဒက္ခိဏသီရိမြို့နယ် အထက(၁၈)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဇမ္ဗူသီရိမြို့နယ် အထက(၉)အသင်းက အနိုင်ရရှိခဲ့သည်။

ညနေပိုင်း အမျိုးသားဗိုလ်လုပွဲတွင် ဒက္ခိဏသီရိမြို့နယ် အထက(၁၈)အသင်းနှင့် လယ်ဝေးမြို့နယ် အထက(၁)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လယ်​ဝေးမြို့နယ် အ.ထ.က(၁)အသင်းက အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ပြည်​ထောင်စုနယ်​မြေ ​နေပြည်​တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား​ရေးမှူး ဦးသက်လွင်ဦး၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊  တိုင်းပညာရေးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ နည်းပြချုပ် မိုက်ကယ်ကျော်မင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဆုပေးပွဲ‌အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ခရစ်ကတ်နည်းပြနှင့်ဒိုင် "Level O"သင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသား/သင်တန်းသူများအား နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပြီး နည်းပြ/ဒိုင်များအားထောက်ပံ့ကြေး‌ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသောအသင်းများနှင့် တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်များကို တာဝန်ရှိသူများက ဆုချီးမြင့်ရာလယ်ဝေးမြို့နယ် အထက(၁)အမျိုးသားအသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အထက(၉)အမျိုးသမီးအသင်းတို့က ပထမဆု၊ ဒက္ခိဏသီရိမြို့နယ် အထက(၁၈)အမျိုးသားအသင်းနှင့် ဒက္ခိဏသီရိမြို့နယ် အထက(၁၈) အမျိုးသမီးအသင်းတို့က ဒုတိယဆု၊ ဇမ္ဗူသီရိမြို့နယ်  အထက ၉ (အမျိုးသား)အသင်း၊ ပျဉ်းမနားမြို့နယ် အထက(ခွဲ) ဇီးကုန်း(အမျိုးသား)အသင်း၊ လယ်ဝေးမြို့နယ် အထက ၁ (အမျိုးသမီး)အသင်း၊ ဥတ္တရသီရိမြို့နယ် အလက(ခွဲ) ရွှေနံသာ(အမျိုးသမီး)အသင်းတို့က ပူးတွဲတတိယဆု၊ အကောင်းဆုံးတစ်ဦးချင်းဆုများကို လယ်ဝေးမြို့နယ် အထက(၁)မှ မောင်စိန်ဝင်းနှင့် ဇမ္ဗူသီရိမြို့နယ် အထက (၉)မှ မယွန်းပိုပိုအောင်တို့က အသီးသီးလက်ခံရရှိခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)