ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ခိုလမ် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ ကျောင်းသား၊ ကျောင်းသူများအား ယဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉:၃၀)အချိန်က အ.မ.က(နောင်ပိန်)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဖြူဖြူသော်က ယဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့်ပတ်သတ်၍ လိုက်နာရမည့်စည်းကမ်းများ၊ (ရပ်၊ ကြည့်၊ သွား) ဆောင်ပုဒ်၏ အဓိပ္ပာယ်များ၊ ဆရာမ ဒေါ်ထွေးလွင်လွင်ဖြူနှင့်ဆရာမ ဒေါ်ယုမွန်ထွန်းက လမ်းကူးရာတွင်လိုက်နာရမည့် စည်းကမ်းများအား ကျောင်းသားကျောင်းသူများ သိရှိနားလည်နိုင်စေရန် ပြောကြားခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေအောင်က "စည်းကမ်းလိုက်နာ ဘေးကင်းကွာ"အသိပညာပေးပုံပြင်ကိုဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း/လမ်းစည်းကမ်း နံရံကပ်စာစောင်ကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)