သန်လျင် ဇန်နဝါရီ ၂၉
သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ (၂၃၂၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲကို ဂေါပကအဖွဲ့က ဦးဆောင်၍ ဗုဒ္ဓပူဇာ၊ဓမ္မပူဇာများဖြင့် ကျင်းပသွားမည်ဖြစ်သည်။
သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓပူဇာအဖြစ် တပို့တွဲလဆန်း(၁၁)ရက် ဇန်နဝါရီ (၃၁) ရက်နေ့တွင် ဆရာတော်ကြီးများက အနေကဇာ တင်တော်မူကြမည်ဖြစ်ပြီး နာရီ(၉၀)ကြာ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ရာ အလှူရှင်များ ကြွရောက်ကြည်ညို ပူဇော်လှူဒါန်းနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)