ရွှေကူမြို့နယ်၌ တရားမဝင် ငါးဖမ်းဆီးရာမှ သိမ်းဆည်းထားသော သက်သေခံပစ္စည်းများအား လေလံတင်ရောင်းချခြင်းနှင့် ဖျက်ဆီးခြင်းများဆောင်ရွက်

ရွှေကူ၊ စက်တင်ဘာ ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတွင် တရားမဝင်ငါးဖမ်းဆီးရာမှ သိမ်းဆည်းထားသော သက်သေခံပစ္စည်းများအား မြို့နယ်လေလံတင်ရောင်းချရေးနှင့် ဖျက်ဆီးရေးအဖွဲ့ဖြင့် ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၌ လေလံတင်ရောင်းချခြင်းနှင့် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနတွင် တရားမဝင်ငါးဖမ်းဆီးရာမှ သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများဖြစ်သော (၁၂) တောင်လှေ၊ (၁၃)တောင်လှေ၊ ထိုးတံ/ကော်တံ၊ တန်းပိုက်၊ မြုံးထိပ်စု၊ မောင်းကော်ပိုက်၊ ရှပ်တန်းပါ အင်ဂျင်စက်၊ ကျင်စက်၊ ၁၂ ဗို့ ဘက်ထရီအိုးစသည့် ပစ္စည်းအမျိုးပေါင်း ၁၃ မျိုးကို လေလံတင်ရောင်းချခြင်းနှင့် ဖျက်ဆီးခြင်းများ ဆောင် ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးဆုံးဖြတ် ချက်မှ ဖွဲ့စည်းဆောင်ရွက်ထားရှိသော မြို့နယ်လေလံတင်ရောင်းချရေးနှင့် ဖျက်ဆီးရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် ဝန်ထမ်းများက တရား မဝင် ငါးဖမ်းဆီးရာမှ သိမ်းဆည်းထားသော သက်သေခံပစ္စည်း များအား လေလံတင်ရောင်းချခြင်းနှင့် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)