တောင်ကြီး ဇန်နဝါရီ ၂၉
(၁၃၈၄)ခု၊ ၂၀၂၃ခုနှစ် တောင်ကြီးမြို့၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပတ်သက်၍ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအဖွဲ့များနှင့် လုပ်ငန်းကော်မတီအဖွဲ့များမှ ဆောက်ရွက်ရမည့် လုပ်ငန်းများအလိုက် တင်ပြဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းကော်မတီများဖြစ်သည့် အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်း ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ထမနဲထိုးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ထမနဲ ဆက်ကပ် ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီများမှ ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး )