ကျိုက်မရော ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံကျေးရွာရှိ ဒေသခံတောင်သူအများစုသည် စိုက်ပျိူးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းရာသီ၌ ဒေသတွင်း စားသုံးဆီ ဖူလုံရန်နှင့် ပိုလျှံစွာ ဆီစားသုံးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေး နည်းပညာ ပံ့ပိုးကူညီမှုများဖြင့် မျိုးစေ့ထုတ်နေကြာ စိုက်ခင်းများ စီးပွားဖြစ် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နေကြာစိုက်တောင်သူ ဦအောင်မျိုးထံမှ သိရသည်။
ယခုလို နေကြာစိုက်ခင်းများ အောင်မြင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ စနစ်တကျ စိုက်ပျိုးရေး နည်းပညာများ ကူညီပံ့ပိုးပေးပြီး သွင်းအားစုအနေဖြင့် ထယ်ရေးပြင်ချိန်မှစကာ တစ်ဧကလျှင် နွားချေးနှင့် မြေဆွေးကို နွားလှည်း ၅ စီးစာ၊ ယူးရီးယား တစ်ရာပေါင်၊ တီစူပါ ၅၀ ပေါင် နှင့် ပိုတက်ရှ် ၅၀ ပေါင် ထပ်မံထည့်သွင်းစိုက်ပျိုးပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီမည့် ဖြစ်ထွန်းသည့် အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှူန်း ရှိသော နေကြာမျိုးစေ့ကို မြေအစိုဓာတ် လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မ အတွင်း စိုက်ပျိုးပြီး သတ်မှတ်အပင်အရေ တွက်ညီစေရန် တန်းကြား ၂ပေ၊အပင်ကြား ၉လက်မ ဖြင့် တစ်တွင်းလျှင် မျိုးစေ့ နှစ် စေ့ နှူန်း ဖြင့်စနစ်တကျ စိုက်ပျိုးခဲ့သဖြင့် ယခုကဲ့သို့ အပင်များမြင့်ထွားကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် မိမိတို့ ဒေသအတွက် နေကြာဆီများ ပိုလျှံစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း တောင်သူဦးအောင်မျိုး၏ ပြောပြချက်အရ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)