ဟိုပန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ဟိုပန် ဇန်နဝါရီ ၂၈

ရှမ်း​ပြည်နယ်(မြောက်ပိုင်း) ၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်သော ကျောင်းပတ်ဝန်းကျင်ဖြစ်စေရန်ရည်ရွယ်၍ ယမန်​နေ့ မွန်းလွဲ(၂)နာရီက ဟိုပန်မြို့နယ်၊​ ကောင်းကော်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဟိုပန်မြို့နယ်၊​ ကောင်းကော်ကျေးရွာ ၊အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြည်ကြည်အောင်က အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့

ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇင်ဇင်သန့် က “လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်ဝေဝေလွင်အောင်က “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့်အသိပညာပေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲ အပြီးတွင်ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး” ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြဘုတ်များအားပြသခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)