ပင်လုံတက္ကသိုလ်၌ (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပ

ပင်လုံ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပင်လုံတက္ကသိုလ်တွင် (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့နှင့် မဟာဥပဒေဘွဲ့  စသည့် ဘွဲ့အသီးသီး​၌ ပြီးမြောက်အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၃)ဦးကို ဘွဲ့အပ်နှင်းနိုင်ခဲ့ပြီး ပင်လုံတက္ကသိုလ်တွင် ဘွဲ့အသီးသီးကို နှစ်စဉ်အပ်နှင်းကျင်းပခဲ့သည်မှာ (၁၆)ကြိမ်မြောက် ဘွဲ့ရမောင် မယ် စုစုပေါင်း(၂၁၆၆)ဦး ဘွဲ့အပ်နှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်​။

၎င်းအခမ်းအနားကျင်းပရာသို့ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်နှင့် သက်ဆိုင်ရာဘာသာရပ်အသီးသီးမှ ဆရာကြီး/ဆရာမကြီးများ၊ ဘွဲ့ရမောင်မယ်များနှင့် ဘွဲ့ရမောင်မယ်များ၏ မိဘများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်မှ မိန့်ခွန်းပြောကြား၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)