မြန်မာနိုင်ငံတော် ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ) အဆောက်အဦအသစ် ပန္နက်‌တော်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင် ရပ်ကွက်၊ အကွက်(၉၀၂)၊ ရန်ကုန်-မန္တလေးလမ်း အရှေ့ဘက်၊ သိပ္ပံလမ်း တောင်ဘက်၊ ကွင်းအမှတ် (၄၀၉)၊ ဆင်ဖြူကန် ကွင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၊ အဆောက်အဦအသစ်       ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။                 

ပန္နက်တော်တင် မင်္ဂလာအခမ်းအနားမင်္ဂလာအချိန်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ စီးပွားရေးရာ ဝန်ကြီးဦးသိန်းဌေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်၊ ဒေါ်ခိုင်ရွှေဝါ၊ ဦးမျိုးမြင့်တို့က ပန္နက်တော် တင်ပေးခြင်း၊ အမွှေးနံ့သာရေများ ပက်ဖျန်းခြင်း၊ ရွှေမိုး ငွေမိုး များရွာသွန်းဖြိုးခြင်းနှင့် အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အစိုးရအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်၊ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းမြင့်၊ ဒေါ်ခိုင်ရွှေဝါ၊ ဦးမျိုးမြင့်နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)