မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ)လ-၂၀ကျောင်းတွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းဆောင်ရွက်

ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(ခွဲ)လ-၂၀ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်ကိုအသုံးပြု၍ စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က  ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သုတ/ရသစာအုပ်(၃၇၀)အုပ် ငှားရမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်သန်း