မုဒုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က စားသုံးသူကာကွယ်ရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကိုပြုလုပ်သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းရသည့် ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး ၈ ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားခြင်း၊ ညှိနှိုင်းဖြေရှင်ပေးခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်တို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်ရုံးအနေဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများကို ပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုဒုံမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ဌာနဆိုင်ရာများ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show များ၊ အထိမ်းအမှတ်နေ့ပြပွဲ၊ ပြိုင်ပွဲများဟောပြောပွဲများ၊ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံသူ ပြန်/ဆက်