စဉ့်ကိုင် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာချစ်နိုင်စိတ်ပညာ)၏" အောင်ပွဲခံသူဖြစ်ပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းဝင်းသန်းက လူငယ်များစာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတရင့်သန်တိုးပွားလာစေရန် ၊ တစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Youth Club ဥက္ကဋ္ဌ စာရေးဆရာရှေ့နေဦးတိုက်ကြည်က "အရေးကြီးတာအရင်လုပ်"ခေါင်းစဉ်ဖြင့် ရွေးချယ်မှုကအ ရေးကြီးပါတယ်၊ ဘယ်ကိုသွားမလဲ၊ ဘာကိုလုပ်မလဲ၊ ဘယ်တစ်ခုကို ဦးစားပေးမလဲဆိုတာ သေချာစွာသုံးသပ်ဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်ဦးစိုးဝင်းက"အောင်ပွဲ ခံသူဖြစ်ပါစေ" ခေါင်းစဉ်ဖြင့် အပြုသဘောနဲ့ကောင်းစွာရှာဖွေတတ်သူဖြစ်ရမယ်၊ အချိန်မဆွဲ ဘဲချက်ချင်းလုပ်တတ်တဲ့အလေ့အထအကျင့်ကို ပျိုးထောင်ရမယ်၊ ကျေးဇူးသိတတ်တဲ့စိတ်နေသဘောထားမွေးမြူရမယ်၊ လုပ်သင့်တဲ့အရာကို နှစ်သက်နိုင်ရမယ် စသည့်အကြောင်းအရာများဖြင့် ဆွေးနွေးပြောကြားခဲ့ရာတက်ရောက်လာသော စာပေဝါသနာရှင်စာဖတ် ပရိတ်သတ်များမှလည်း စာအုပ်ပါအကြောင်းအရာများထဲမှ သိလိုသည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ကျော့မူယာမောင်