လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက်အောင်မြေသာယာဘုရားဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လှိုင်သာယာ (အရှေ့ပိုင်း) ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးအတွက်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက်(၇)နာရီ၌ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ မြို့နယ်ဂုဏ်ဆောင်မြို့ လယ်အောင်မြေသာယာဘုရားဝင်းအတွင်းတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘုရားဝင်းအတွင်း စုပေါင်းသန့်ရှင်းခြင်း၊ ကြေးဆင်းတုဘုရားအား ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ဘုရားပန်းတင်ခုံ ခုံလုံးအား ထုံးသင်္ကန်းစုပေါင်းဆက်ကပ်ခြင်းနှင့် ဂန္ဓကုဋီတိုက်အတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များ၊ စည်ပင်သာယာ‌ရေး၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ(၁၄)အုပ်စုမှ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ စုစုပေါင်းအင်အား(၅၂၀)ဦးတို့က ဘုရားဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမူ