မိုင်းပန်မြို့နယ်၌ အပြင်အောင်ခြင်း (၈)ပါး၊ အတွင်းအောင်ခြင်း (၈)ပါးနှင့် ဇေဂ်သုတ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနား ကျင်းပ

မိုင်းပန် ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြိုနယ်တွင် အပြင်အောင်ခြင်း(၈)ပါး၊ အတွင်းအောင်ခြင်း(၈)ပါးနှင့် ဓဇဂ္ဂသုတ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကို မိုင်းပန်မြို့နယ် ကုန်းပင်းကျောင်းတိုက်ရှိ နန်းယီဆိုင်ကော်ဓမ္မာရုံအတွင်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ထံ နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မွေတော်ပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကောဝိဒါစာရာဘိပါလ (ဂန္တဝါစကပဏ္ဍိတ) ဆရာတော်ထံမှ (၅)ပါးသီလ ခံယူတည်ဆောက်ခဲ့သည်။

ထို့နောက်  ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဇျယ်တော်မူသော အပြင်အောင်ခြင်း(၈)ပါး၊ အတွင်းအောင်ခြင်း (၈)ပါးနှင့် ဓဇဂ္ဂသုတ် စသည့် အန္တရာယ်ကင်း ပရိတရားတော်များအား နာယူခဲ့ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သံဃာစုံပြန်လည်ကန်တော့ခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)