ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ကွမ်းလုံ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သံလွင်ဆောင်ခန်းမ၌ ယမန်နေ့နံနက်(၁၁) နာရီအချိန်က လူငယ်စကားဝိုင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်း၌ ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက အမှာစကား ပြောကြားရာတွင် လူငယ်များအသိပညာဗဟုသုတ ကြွယ်ဝစွာရရှိရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် Grade-11 ကျောင်းသားများဖြစ်ကြသည့် မောင်စောရန်နိုင်နှင့် မောင်ကောင်းခန့်ဖြိုး၊ Gradr-10 ကျောင်းသား/ ကျောင်းသူများဖြစ်ကြသည့် မောင်ပြည့်စုံဟိန်း၊ မောင်ဇင်မင်းခန့်၊ မအမ်းလူ၊ မခွါန်မိုင်ရာ၊ မမေသုန်သုန်ဟိန်းတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းအပြီးတွင် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး ဓာတ်ပုံပြပွဲအားကြည့်ရှုခဲ့ကြသည်။ အဆိုပါ လူငယ်စကားဝိုင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11နှင့် Grade-10 ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)