ချမ်းမြသာစည်မြို့နယ် Community Centre တွင် (၇၆)နှစ်မြောက် ပြည်ထောင်စု‌နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၆)နှစ်မြောက် ပြည်ထောင်စု‌နေ့ အထိမ်း အမှတ်အကြိုအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယ‌နေ့နံနက်၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး(TalkShow)ဆွေးနွေးပွဲတွင်ချမ်းမြသာစည်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးသန်းစိုး (စာရေးဆရာ သန်းစိုးအောင်)တို့ကပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ပြည်ထောင်စုသားအားလုံး စည်းလုံးညီညွတ်မှုကြောင့်ရရှိခဲ့သော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသား ပြည်သူလူထုအားလုံး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ပုံနှင့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း(ပြန်/ဆက်)