မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပ

မဟာအောင်‌မြေ ဇန်နဝါရီ  ၂၆

မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်‌ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကလေးစာဖတ်ခန်း၌ ယ‌နေ့နံနက် (၁၀)နာရီခွဲအချိန်က စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ် ကျောင်းသား/ ကျောင်းသူများ ကာာဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး သွက် လက်ထက်မြက်စေရန်၊ ကြိုတင်စဉ်းစားတွေးခေါ်တတ်စေရန်၊ အ‌လေ့အကျင့်ကောင်းများရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို စာကြည့်တိုက်မှူး ဒေါ်သရဖီဖြိုးက လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း