သန်လျင်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သန်လျင် ဇန်နဝါရီ ၂

မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်ရုံး ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ ပြခန်းအတွင်း ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)