ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်နှင့်စာပေအကြောင်းသိကောင်းစရာ(TAlk Show )ကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်နှင့်စာပေအကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် စာရေးဆရာ (သန်းမြင့်သန်း)ကွမ်းခြံကုန်းတို့က ပညာနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေဖို့ စိတ်အားထက်သန်လေ့ရှိတဲ့ ဆရာကြီး ဦးအောင်သင်း အမှာစကားဖြစ်တဲ့ ဘယ်သူတွေဘာပြောနေနေ မင်းကိုယ်မင်းချစ်ရင်း ပညာသင်ပါ၊ စာဖတ်ပါ၊ မိဘကိုချစ်ရင်ပညာသင်ပါ၊ စာဖတ်ပါ၊ တိုင်းပြည်နဲ့လူမျိုးကို ချစ်ရင်ပညာသင်ပါ၊ စာဖတ်ပါ၊ဟူသည်ဆုံးမစကားအတိုင်း စာမဖတ်ခြင်းက

သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး၊ စာဖတ်ခြင်းကတော့ သင့်ဘဝကိုတောက်ပစေမှာဖြစ်ပါတယ်ဆိုသည် အကြောင်းအရာများကို အသိပညာပေးဆွေနွေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း ၊ကဗျာရွတ်ခြင်းအပြင် စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့် (Talk Show) အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်