တပ်ကုန်းမြို့၌ လူငယ်နှင့်ကျန်းမာရေး အသိပညာပေး (Talk Show ) ဆောင်ရွက်

တပ်ကုန်း ဇန်နဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book  Club) အဖွဲ့တို့ပူးပေါင်း၍ လူငယ်နှင့်ကျန်းမာရေးအသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီ က အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ (Talk Show) တွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book  Club) အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း) တို့က လူငယ်တွေအတွက် ဘာကြောင့်ကျန်းမာရေး အရေးကြီးသလဲ၊ ကျန်းမာရေးအမူအကျင့်ကောင်းမွန်ဖို့အတွက် ဘယ်လိုလိုက်နာ ဆောင်ရွက်သင့်သလဲ၊ ကျန်းမာရေးအတွက် အာဟာရရှိအောင် ဘယ်လိုစားသောက်သင့်ပါသလဲ၊ ကိုယ်ခန္ဓာကျန်းမာစေဖို့ ဘယ်လိုအားကစားတွေ ဆောင်ရွက်သင့်ပါသလဲ၊ ကိုယ်ခန္ဓာပိန်သေးမှုနှင့် အဝလွန်မှုတွေအတွက် ဘယ်လိုပြုစုဆောင်ရွက်သင့်ပါသလဲ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိစေရန် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယနေ့ဆွေးနွေးဆောင်ရွက်ခဲ့သည့် လူငယ်နှင့်ကျန်းမာရေး အသိပညာပေး (Talk Show) အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်   Facebook page  တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်