နွားထိုးကြီး ဇန်နဝါရီ ၂၅
မြင်းခြံခရိုင် နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက မိုးကန် (အမက)၊ ငှက်ပျောအိုင်(အလက)၊ သမင်ဘေး(အမက)၊ မြေခြား(အမက)၊ ဘူးသီကျင်း(အမက)၊ ကန်နား(အထက)၊ ထန်းတောကုန်း(အမက)၊ မြင်းစားကျက်(အမက)၊ ကန်ရွာ(အမက)၊ ကြာပွား(အ မက)၊ တံစိုး(အလကခွဲ)၊ လက်သမားကန်(အမက)၊ ဇေဒိတ်(အထက ခွဲ) ကျောင်းတို့၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ်ဆက်လက်ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဌတွင်ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်း သား၊ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပညာ ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၁၀၂၆)ဦး၊စုစုပေါင်း(၉၅၅၅)ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်း များကထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသာ ကျောင်းသား၊ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။