ခရမ်း ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့်မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းတို့ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကြက်ခြေနီအသင်းခွဲငယ်ဖွဲ့စည်းခြင်းနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ခရမ်းမြို့နယ် အထက ( ၁ )ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်က ကျောင်းကြက်ခြေနီအသင်းခွဲဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်အားပြောကြားရာတွင် ကျောင်းတွင် ကြက်ခြေနီအသင်းခွဲငယ်များဖွဲ့စည်းခြင်းဖြင့် ဆောင်ရွက်ရမည်လုပ်ငန်းတာဝန်များ၊ ရရှိလာမည့်အကျိုးကျေးဇူးများ ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ ကြက်ခြေနီအကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားပြီးနောက် တပ်ဖွဲ့ဝင်များမှ ကြက်ခြေနီအသင်း၏ ရှေ့ဦးပြုစုနည်းလုပ်ငန်းများ အရေးပေါ်လူနာပြုစုနည်းများကို ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြသပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲကြောင်း သိရသည်။
ကိုမင်း ( ပြန်/ ဆက်)