သိန္နီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

သိန္နီ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က (၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့(အကြို) စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်ဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ  အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် “ပြည်ထောင်စု စိတ်ဓါတ်နှင့်လူငယ်တာဝန်” ခေါင်းစဉ်ဖြင့် စာစီစာ ကုံးပြိုင်ပွဲ၊ “ ပြည်ထောင်စုပန်း အစဉ်လန်းစေဖို့ တိုင်းရင်းသားများ ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲ၊ “ပြည်ထောင်စုစိတ်ဓါတ်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမှ ဆုရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)