မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကာဝိုင်း ဆွေးနွေးပွဲကျင်းပ

မိုင်းယန်း ဇန်နဝါရီ ၂၅

နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်တာဝန်များကို ထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အသိဉာဏ်ဗဟုသုတနှင့် ပြည့်စုံကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်တွေအနေဖြင့် အသိဉာဏ်ဗဟုသုတများ ပိုမိုရရှိစေရန်၊ လူအများရှေ့တွင် ရဲ့ဝံ့စွာစကားပြောဆိုတက်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှုရရကာ အတွေ့အကြုံများ အသိပညာများ ဖလှယ်တက်ကြစေရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်လွင်လွင်နိုင်တို့က ဦးဆောင်ဆွေးနွေးကြပြီး Grade – 11 မှ ကျောင်းသား မောင်ဟုန်းမနားက “စည်းကမ်းဟူသည်လူ့တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11 မှ ကျောင်းသူ မနန်မိုဖောင်းက “စာဖတ်ခြင်း၏ အကျိုးကျေးဇူများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11 မှ ကျောင်းသူ မနာမော်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11 မှ ကျောင်းသူ မနန်းလောင်ဖွေးက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်များဖြင့် အသီးသီးပါဝင် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသာ/ကျောင်းသူများက လေ့လာကြည့်ရှု ငှားရမ်းခဲ့ကြကြောင်း သိရသည်။ 

ထွန်းထွန်းထူး