လဲချား ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာဖတ်သည့် အလေ့ကျင့်ကောင်းများရရှိပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၂၇)ဦးမှ ဉာဏ်စမ်းမေးခွန်းများ၊ မှတ်သားနိုင်မှုစွမ်းရည်နှင့် စဉ်းစားတွေးခေါ်နိုင်မှု စသည်တို့ကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)