အခြေခံပညာအလယ်တန်းကျောင်များသို့ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြော

နောင်တရား ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း မီးသွေးချောင်းကျောင်းနှင့် နောင်မူကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကွင်းဆင်းဟောပြောသည်။

နောင်မူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးတင့်က မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ မီးသွေးချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံ-၂၊ ဦးခွန်အောင်ဟန်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကျောင်းသား လူငယ်များခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပြီး၊ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအမျိုးအစား အသိပညာပေး ဓါတ်ပုံပြပွဲကို ခင်းကျင်းပြထားပြီး ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)